⁩ရေခဲမြစ်တုများက ပါကစ္စတန်မြောက်ပိုင်းတွင် ရေပိုရရှိရေးလုပ်ဆောင်ပေးနေ

Поделиться
HTML-код
  • Опубликовано: 6 апр 2025
  • AFP
    ပါကစ္စတန်က တနှစ်ပတ်လုံးရေခဲနေတဲ့ အလွန်မြင့်မားသောတောင်ခြေရင်းမှ ရေအခက်အခဲနဲ့ကြုံနေရတဲ့ လယ်သမားတွေက သူတို့ကိုယ်ပိုင်ရေခဲမျှော်စင်များဖန်တီးပြီးဖြေရှင်းနေကြပါတယ်။
    ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ K2 ရဲ့ဝေးလံခေါင်ဖျားတဲ့ဒေသမှာ ရာသီဥတုပူနွေးလာတာကြောင့် နှင်းကျတာတွေလျော့နည်းလာပြီး နောက်ဆက်တွဲအနေနဲ့ ရာသီအလိုက်အရည်ပျော်တာတွေကြောင့် ဂျီးလ်ဂျစ် ဘာလစ်စတန် (Gilgit-Baltistan) တောင်ကြားလွင်ပြင်ကရွာတွေကိုရေပေးနေပါတယ်။
    ကာကာကိုရမ် (Karakoram) တောင်တန်းကြီးကအရိပ်မိုးထားတဲ့ အမြင့် ၂,၆၀၀ မီတာ (၈,၂၀၀ ပေ) မှာရှိတဲ့ စကာဒူ (Skardu) တောင်ကြားလွင်ပြင်ဒေသကလယ်သမားတွေဟာ သူတို့ရဲ့ပန်းသီးနဲ့တရုတ်ဆီးသီးခြံ တွေကို ဘယ်လိုရေသွင်းစိုက်ပျိုးရမယ်ဆိုတာကို အွန်လိုင်းမှာရှာဖွေခဲ့ကြပါတယ်။
    “ကျနော်တို့ ရေခဲမြစ်တုကြီးတွေကို RUclips မှာသွားတွေ့တယ်” လို့ ဂူလမ်ဟိုင်ဒါဟာရှ်မီ (Ghulam Haider Hashmi) က AFP ကိုပြောပါတယ်။
    တင်ဆက်- ရောင်နီ
    တည်းဖြတ်- Aike Ngae
    #မဇ္ဈိမသတင်းဌာန
    #MizzimaBurmeseNews
    #ရေခဲမြစ်တု
    #ရုပ်သံသတင်း
    -----------------------------
    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima RUclips Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။
    bit.ly/2VhJ12U or tinyurl.com/do...
    Subscribe Mizzima TV :
    / @mizzimanewstv
    One link to follow all Mizzima platforms:
    mizzima.carrd.co

Комментарии •